MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးအတွက် “TeamFit: Unite & Move” စုပေါင်းလမ်းလျှောက်ခြင်းနှင့် Zumba ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်ကို ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်) –MPT  က ဒီဇင်ဘာလတွင်  ဝန်ထမ်းများ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှုနှင့် တက်ကြွသော နေထိုင်မှုပုံစံကို  မြှင့်တင်ရန်အတွက် MPT ဝန်ထမ်းများနှင့် မိသားစုဝင်များ အတူတကွပါဝင်သည့် “TeamFit: Unite & Move”  စုပေါင်းလမ်းလျှောက်ခြင်းနှင့် Zumba ကျန်းမာရေး လှုပ်ရှားမှုအစီအစဉ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စုပေါင်းလမ်းလျှောက်ခြင်းနှင့် Zumba ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်တွင် နိုင်ငံတစ်ဝန်းရှိ MPT ဝန်ထမ်းနှင့် မိသားစုဝင် ၉၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

ဒီဇင်ဘာလ (၁၃) ရက်က စုပေါင်းလမ်းလျှောက်ခြင်း နှင့် Zumba ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်ကို ရန်ကုန်မြို့၊ ကန်တော်ကြီးသဘာဝဥယျာဉ်တွင် ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများသည်လည်း စည်းလုံးညီညွတ်မှုကို အားဖြည့်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စုပေါင်းလမ်းလျှောက်ပွဲ အစီအစဉ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ ဝန်ထမ်းများ၏ စိတ်အားထက်သန်စွာ ပါဝင်ဆင်နွှဲမှုသည် ကိုယ်လက်ကျန်းမာကြံ့ခိုင်မှု၊ စိတ်အားထက်သန်မှု နှင့် တက်ကြွသော လုပ်ငန်းခွင်ကို တည်ဆောင်ရန်ဟူသည့် ကတိကဝတ်ကို ထင်ဟပ်စေပါသည်။

Zumba ကျန်းမာရေးလှုပ်ရှားမှု၊ ယောဂကျန်းမာရေးလှုပ်ရှားမှု၊ လမ်းလျှောက်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကဲ့သို့ အစီအစဉ်များပါဝင်သည့် “TeamFit: Unite & Move” အစီအစဉ်ကို ၂၀၂၃ ခုနှစ်တွင် စတင်ခဲ့ပြီး  ဝန်ထမ်းများ ပုံမှုန်ကျန်းမာရေးလှုပ်ရှားမှုရှိစေရန်၊ စိတ်ခွန်အားကောင်းများရရှိစေရန်နှင့် ကိုယ်စိတ်နှစ်ပါးကျန်းမာရေး ပိုမိုတိုးတက်စေရန် အားပေးမြှင့်တင်ခြင်းဖြင့် ဝန်ထမ်းများ၏  ကျန်းမာကြံ့ခိုင်မှုကို အထောက်အပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် အဆိုပါအစီအစဉ်ကို ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

လမ်းလျှောက်ခြင်းသည် နှလုံးသွေးကြောကျန်းမာရေးကို အားကောင်းစေပြီး အရိုးသန်မာမှုကို တိုးတက်စေကာ စိတ်ဖိစီးမှုကို အလွယ်တကူ လျှော့ချပေးနိုင်သည့် လေ့ကျင့်ခန်းတစ်မျိုး ဖြစ်ပါသည်။ Zumba သည်လည်း ခန္ဓာကိုယ်တစ်ခုလုံးအတွက် အားပြင်းသည့် လေ့ကျင့်ခန်းမျိုးဖြစ်ပြီး ဟန်ချက်ညီမှု၊  ပျော့ပြောင်းမှုနှင့် တစ်ကိုယ်လုံး ကျန်းမာကြံ့ခိုင်မှုတို့ကို မြှင့်တင်ပေးသည့် ကျန်းမာရေးလှုပ်ရှားမှု ဖြစ်ပါသည်။

MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်အားထက်သန်မှုကို မြှင့်တင်ဖို့နဲ့ ကျန်းမာကြံ့ခိုင်မှုကို အထောက်အပံ့ပေးဖို့ဆိုတဲ့  ကတိကဝတ်အတိုင်း ဆက်လက် ဆောင်ရွက်နေပါတယ်။ ဝန်ထမ်းတွေ အားအင်ပြန်လည်ဖြည့်တင်းဖို့နဲ့ တက်ကြွစေဖို့အတွက် “TeamFit: Unite & Move” အစီအစဉ်မှာ လမ်းလျှောက်ခြင်း၊ Zumba၊ ယောဂ နဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲလိုမျိုး အစီအစဉ်တွေ ဆက်လက် ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။  နိုင်ငံတစ်ဝန်းက ဝန်ထမ်းတွေရဲ့ စိတ်အား ထက်သန်စွာပါဝင်မှုအတွက် ကျေးဇူးအထူးတင်ရှိပြီး စိတ်ဝင်စားဖွယ်ရာ နောင်လာမယ့် အစီအစဉ်တွေ မှာလည်း ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT သည် ဝန်ထမ်းများအကြား ကျန်းမာသည့် အလေ့အကျင့်များ၊ အသင်းအဖွဲ့စိတ်ဓာတ်နှင့် မျှတသော နေထိုင်မှုပုံစံတို့ကို မြှင့်တင်ရန်အတွက်  “TeamFit: Unite & Move” အစီအစဉ်ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဆောင်ရွက်မှုသည် အဖွဲ့အစည်း၏ စွမ်းဆောင်ရည် ပိုမိုခိုင်မာလာစေရန်နှင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးအပ်ရာတွင် ပိုမိုကောင်းမွန်လာစေရန် အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။

MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်သို့ ဝင်ရောက်လေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် တူတူ Chatbot၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။