MPT က ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် (၁၁) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်) – MPT ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုသည် နိုင်ငံတစ်ဝန်း ရှိ အများပြည်သူတို့အတွက် ဆေးဝါးကုသရာတွင် သွေးလိုအပ်မှုကို ဖြည့်ဆည်းနိုင်ရန်၊ သန့်စင်၍ အသက်ကယ် နိုင်သော သွေးကို ဆေးဝါးကုသမှုတွင် အသုံးပြုခြင်း၏ အရေးပါမှုနှင့် သွေးလှူဒါန်းခြင်း၏ အရေးပါမှုတို့အား အများပြည်သူတို့အကြား သိရှိနားလည်မှု မြင့်မားလာစေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်သည်။ သွေးလှူဒါန်းခြင်းသည် အရေးပေါ် ကျန်းမာရေး အခြေအနေများတွင် လူများစွာကို အကျိုးပြုနိုင်သည့် လူမှုအသိုက်အဝန်းအား ပံ့ပိုးကူညီသော အစီအစဉ်များစွာထဲမှ မွန်မြတ်လှသည့် အစီအစဉ်တစ်ခု ဖြစ်သည် ဟု MPT က ယုံကြည်ထားပါသည်။

ယခုအကြိမ်မှာ MPT ၏ (၁၁) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုဖြစ်ပြီး ကမ္ဘာ့သွေးလှူရှင်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၆) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။ ယခုလို စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၅၀၅) ဦးပါဝင် လှူဒါန်းခဲ့ပြီး သွေးအိတ်ပေါင်း (၅၀၅) အိတ်ကို သက်ဆိုင်ရာ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများသို့ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ယနေ့အချိန်အထိ MPT နှင့် ဒေသခံအဖွဲ့အစည်းများအပါအဝင် စေတနာသွေးလှူရှင် (၇,၀၀၀) ကျော်မှ သွေးအိတ်ပေါင်း (၁၀,၀၀၀) ကျော်ကို နိုင်ငံတစ်ဝန်းရှိ ဆေးရုံနှင့် အမျိုးသားသွေးဌာနများမှတစ်ဆင့် အရေးပေါ်သွေးလိုအပ်သူများအတွက် လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။

(၁၁) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုတွင် အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။[vc_empty_space][vc_single_image image=”512246″ img_size=”full” alignment=”center”][vc_empty_space][vc_column_text]MPT ၏ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုသည် လူမှုအသိုက်အဝန်းကို ကောင်းမွန်သော အပြောင်းအလဲ/ အကျိုး သက်ရောက်မှုများနှင့် အထောက်အပံ့ပေးနိုင်ရန် စေတနာရှင်များနှင့် ပူပေါင်းလုပ်ဆောင်သည့် ဆောင်ရွက်မှုတစ်ခု ဖြစ်ပါသည်။ MPT ၏ သွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် ယခင်ပါဝင်ခဲ့ကြသူများနှင့် (၁၁) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့် စေတနာရှင်များအားလုံးကို ကျေးဇူးတင်ရှိပါသည်။

“အတူလက်တွဲ အမြဲရှိမည် MPT” သည် ဆိုသည့် ကတိကဝတ်အတိုင်း MPT သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၄ နာရီ (၇) ရက်ပတ်လုံး စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးအပ်နေချိန်တွင် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီနိုင်ရေးတွင် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ပံ့ပိုးကူညီမှုအဖြစ် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အခြားသောနယ်ပယ်များတွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

သွေးလှူဒါန်း၍ လူအများ၏ အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
[vc_row][vc_column width=”1/3″][vc_single_image image=”512245″ img_size=”full” alignment=”center”][/vc_column][vc_column width=”1/3″][vc_single_image image=”512236″ img_size=”full” alignment=”center”][/vc_column][vc_column width=”1/3″][vc_single_image image=”512237″ img_size=”full” alignment=”center”][/vc_column][/vc_row][vc_row][vc_column width=”1/3″][vc_single_image image=”512238″ img_size=”full” alignment=”center”][/vc_column][vc_column width=”1/3″][vc_single_image image=”512239″ img_size=”full” alignment=”center”][/vc_column][vc_column width=”1/3″][vc_single_image image=”512241″ img_size=”full” alignment=”center”][/vc_column][/vc_row][vc_row][vc_column width=”1/3″][vc_single_image image=”512242″ img_size=”full” alignment=”center”][/vc_column][vc_column width=”1/3″][vc_single_image image=”512243″ img_size=”full” alignment=”center”][/vc_column][vc_column width=”1/3″][vc_single_image image=”512244″ img_size=”full” alignment=”center”][/vc_column][/vc_row][vc_row][vc_column][vc_empty_space][/vc_column][/vc_row]