မြန်မာနိုင်ငံ၏ နံပါတ် ၁ ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် (၉) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဝန်ထမ်းများနှင့်အတူ အောင်မြင်စွာကျင်းပ

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်)- မြန်မာနိုင်ငံ၏ နံပါတ် (၁)ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် KSGM (KDDI Summit Global Myanmar Company Limited) တို့၏ ပူးပေါင်းဆောင်ရွက်မှု (JO) (၉) နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးချုပ်မှာ စက်တင်ဘာလ(၁)ရက်နေ့က ပျော်ရွှင်စွာ ကျင်းပခဲ့ပါသည်။ ကိုးနှစ်တာကာလအတွင်း MPT ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ခဲ့သော သုံးစွဲသူများ နှင့် ဝန်ထမ်းများအားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။ မြန်မာနိုင်ငံ၏ နံပါတ် (၁) ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT အနေဖြင့် မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် မရှိမဖြစ်အရေးပါသည့် ဆက်သွယ်ရေးတယ်လီကွန်း ဝန်ဆောင်မှုများ နှင့် တယ်လီကွန်းမဟုတ်သော ဝန်ဆောင်မှုများအား ပေးအပ်လျက်ရှိပါသည်။

ပြီးခဲ့သည့် (၉) နှစ်တာကာလအတွင်းတွင် MPT အနေဖြင့် ထူးခြားသည့်မှတ်တိုင်များဖြစ်သည့် ကွန်ရက်နှင့် အခြေခံအဆောက်အဦများ တိုးချဲ့တည်ဆောက်ခြင်း၊ ဆန်းသစ်သည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ မိတ်ဆက်ခြင်း နှင့် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအချိန်တွင် မြို့ပြ နှင့် ကျေးလက်အပါအဝင် မြန်မာနိုင်ငံလူဦးရေ၏ ၉၆ ရာခိုင်နှုန်းကျော်ကို MPT ကွန်ရက်လွှမ်းခြုံထားပြီး ဖြစ်ပါသည်။ စတင်ချိန်မှ ယခုအချိန်ထိ MPT အနေဖြင့် ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဂုဏ်ယူစွာ ရပ်တည်လျက်ရှိပြီး စဥ်ဆက်မပြတ် တိုးပွားလျက်ရှိသော သုံးစွဲသူသန်း၂၀ ကျော်ကို ဆက်သွယ်ရေး ဝန်ဆောင်မှုူများ ပေးအပ်လျက်ရှိပါသည်။ ထို့အပြင် MPT အနေဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် LTE+ ကွန်ရက်လွှမ်းခြုံပြီးဖြစ်ပါသည်။

“ပထမဆုံးအနေနဲ့ ၉ နှစ်တာကာလအတွင်းမှာ ယုံကြည်မှုနဲ့ ထောက်ပံ့အားပေးမှုတွေကို စဥ်ဆက်မပြတ် ပေးအပ်ခဲ့တဲ့ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ MPT အနေနဲ့ လုပ်ငန်းစတင်လည်ပတ်ချိန်မှကစပြီး အဓိက တန်ဖိုးထားမှု ၃ ခုဖြစ်တဲ့ ချိတ်ဆက်နိုင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် ထူးကဲကောင်းမွန်မှု တို့ကို ကျင့်သုံးပြီး “သုံးစွဲသူအများပြည်သူတို့၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်စေမည်” ဆိုတဲ့ တန်ဖိုးထားသတ်မှတ်ချက်ကို ပြည့်မှီဖို့ ဦးတည်ဆောင်ရွက်နေပါတယ်။ ဝန်ထမ်း ၇၀၀၀ ရဲ့ အင်အားနဲ့အတူ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ကတိကဝတ်နဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၃ခုနှစ် ဇွန်လမှာ KBZMS အထွေထွေအာမခံကုမ္ပဏီနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ရဲ့ ပထမဆုံး “အခမဲ့ကျန်းမာရေးအာမခံ”ပါဝင်တဲ့ “ဒေတာအာမခံ” ဒေတာပက်ကေ့ချ်ကို ဂုဏ်ယူစွာနဲ့ မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးလုပ်ငန်းတစ်ခုထဲအတွက်သာ မဟုတ်ဘဲ သုံးစွဲသူအများပြည်သူတွေရဲ့ ဘဝတွေ ပိုမိုကောင်းမွန်စေဖို့အတွက်ပါ ရည်ရွယ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် MPT အနေနဲ့ တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်း မဆုတ်မနစ် ဆက်လက် ဆောင်ရွက်လျက် ရှိပါတယ်။ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေရဲ့ ထောက်ခံအားပေးမှုကြောင့် လာမယ့်နှစ်တွေမှာလည်း အောင်မြင်မှုတွေကို အခုလိုပဲ ဆက်လက်ထိန်းသိမ်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု MPTJO ၏ ပူးတွဲအမှုဆောင်အရာရှိချုပ် ခါဇုဟိခို မာစုဒ က ပြောကြားခဲ့ပါသည်။
ပြီးခဲ့တဲ့ (၉) နှစ်တာကာလအတွင်း MPT အနေနဲ့ အောင်မြင်မှုတွေရော စိန်ခေါ်မှုတွေပါ တွေ့ကြုံခဲ့ရပါတယ်။ ဒီထဲကမှ ထင်ရှားတဲ့အောင်မြင်မှု မှတ်တိုင်တွေကတော့-
၂၀၁၄ ခုနှစ် စက်တင်ဘာ- MPT အနေဖြင့် ကွန်ရက်တိုးချဲ့ရန်၊ အရည်အသွေးကောင်းမွန်သော ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင် ရန်အတွက် KDDI Corporation နှင့် Sumitomo Corporation တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဧပြီ- သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံကို ပေးအပ်နိုင်ဖို့အတွက် MPT4U App ကိုမိတ်ဆက်ခဲ့ပါသည်။ အဆိုပါ ပလက်ဖောင်းမှတစ်ဆင့် တယ်လီကွန်း နှင့် ဖျော်ဖြေရေးဝန်ဆောင်မှုများ သုံးစွဲသူ ၁၄.၇ သန်းကျော်ထံ ပေးအပ်လျက်ရှိပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ – ပိုမိုလျင်မြန်သော မိုဘိုင်းဒေတာဝန်ဆောင်မှုကို ပေးအပ်နိုင်ရန် LTE+ ကို ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ မြို့နယ်ပေါင်း ၃၀၀ ကျော်တွင် လျင်မြန်ကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
၂၀၁၇ ခုနှစ် သြဂုတ်- သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများကို ရရှိခံစားနိုင်ရန် MPTဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှု (FTTH) အား မိတ်ဆက်ခဲ့ပါသည်။ ယခုအခါ မြို့နယ်ပေါင်း ၁၃၀ကျော်တွင် အဆိုပါဝန်ဆောင်မှုကို ရယူနိုင်ပြီဖြစ်ပါသည်။
၂၀၁၈ ခုနှစ် မေ- သုံးစွဲသူအများပြည်သူတို့၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်စေရန် MPT Club အား မိတ်ဖက်အဖွဲ့အစည်းတစ်ရာကျော်၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ သုံးစွဲသူပေါင်း ၁၄.၅ သန်းကျော်အား ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။
၂၀၂၀ခုနှစ်အောက်တိုဘာ- သုံးစွဲသူများအား လွယ်ကူအဆင်ပြေပြီး လုံခြုံမှုရှိသည့် ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် “ယုံကြည် စိတ်ချရဆုံးသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှု” MPT Pay အား မိတ်ဆက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ်မေ – MPT IPTV အက်ပလီကေးရှင်း တွင် အခမဲ့စာရင်းသွင်းပြီး ဖျော်ဖြေရေးဝန်ဆောင်မှုများအား MPT IPTV မှတစ်ဆင့် အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။
၂၀၂၂ ခုနှစ် မတ်- သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်နှင့် မေးမြန်းမှုများအား အချိန်ပြည့်ဖြေကြားပေးနိုင်ရန် Tu Tu Chat ဝန်ဆောင်မှုအား မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ ဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများထံမှ အမေးများသည့်မေးခွန်းများကို ထိရောက်စွာ ဖြေဆိုပေးလျက်ရှိပါသည်။
MPT အနေဖြင့် မြန်မာလူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရည်မှန်းချက်များ ပြည့်ဝစေရေးအတွက် အထောက်အပံ့ဖြစ်စေမည့် အစီအစဥ်များအား ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
ဂျပန်-မြန်မာပွဲတော်- ဂျပန်-မြန်မာ (၂) နိုင်ငံ ချစ်ကြည်ရေးအတွက် ယှဥ်ကျေးမှုဖလှယ်သည့်ပွဲတော်တစ်ခု ဖြစ်သည့် အဆိုပါ ပွဲတော်အား ၂၀၁၆ မှ ၂၀၁၉ အထိ ပံ့ပိုးပေးခဲ့ပါသည်။
Myanmar IDOL Season 1,2,4 (၂၀၁၆၊၂၀၁၇၊၂၀၁၉) နှင့် The Voice Season 1,2,3- မြန်မာပြည်ရှိ အရည်အချင်းရှိသော လူငယ်အဆိုတော်များ၏ အိပ်မက်ကို ပံ့ပိုးပေးသည့်အနေဖြင့် အဆိုပါ အစီအစဥ်အား ပံ့ပိုးပေးခဲ့ပါသည်။
မြန်မာနေရှင်နယ်လိဂ် (၂၀၁၈၊၂၀၁၉၊၂၀၂၂၊၂၀၂၃)– မြန်မာလူငယ်ဘောလုံးအားကစားသမားများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပိုမိုတောက်ပသောအနာဂတ်များကို ရရှိစေရန် ကူညီပံ့ပိုးပေးခဲ့ပါသည်။
MasterChef All Stars Myanmar အစီအစဥ်- ၂၀၂၂ ခုနှစ် တွင် MPT အနေဖြင့် ကျွမ်းကျင်စားဖိုမှူး ဖြစ်လိုသည့် ဟင်းချက်ဝါသနာရှင်များ၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် အခွင့်အရေးတစ်ခုအနေဖြင့် အဆိုပါ အစီအစဥ်ကို ပံ့ပိုးပေးခဲ့ပါသည်။
GG Fest (2023)- ဂိမ်းကစားသူများကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် အားကစားစွမ်းရည်ကို ပြသရန် အကောင်းဆုံး ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမည့် အွန်လိုင်းနှင့် အော့ဖ်လိုင်း (Offline) ပြိုင်ပွဲများ ရောနှောထားသော စိတ်လှုပ်ရှားဖွယ်ရာ အစီအစဥ်တစ်ခုဖြစ်သည်။
အဆိုပါ မှတ်တိုင်များသည် MPT ၏ တန်ဖိုးထားရသော သုံးစွဲသူများအတွက် ဆန်းသစ်တီထွင်မှု၊ ယုံကြည်စိတ်ချရမှုနှင့် သုံးစွဲမှုအတွေ့အကြုံကောင်းများကို ပေးအပ်လိုသည့် ကတိကဝတ်ကို ထပ်မံ အတည်ပြုသည့် အချက်များဖြစ်ပါသည်။ MPT အနေဖြင့် ရှေ့ဆက်သွားမည့် ခရီးလမ်းတစ်လျှောက်တွင်လည်း စဥ်ဆက်မပြတ်ပြောင်းလဲနေသည့် တယ်လီကွန်းကဏ္ဍအတွင်း အကောင်းဆုံးထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို ပေးအပ်သွားမည့် အော်ပရေတာတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။
MPT အနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုတည်းသာမကဘဲ “ရှေ့ဆက်လှမ်းချီ မြန်မာပြည်” ဆိုသည့် ကတိကဝတ်နှင့်အညီ မြန်မာ့လူမှုအသိုက်အဝန်းအတွက် စဥ်ဆက်မပြတ် ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ လက်ရှိအချိန်ထိ MPT အနေဖြင့် လူငယ်များ၏ ဖွံ့ဖြိုးရေးအတွက် ဦးတည်ထားသော ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ကျပ်သန်း (၂၆) ဘီလျံကျော် ကူညီပံ့ပိုးသုံးစွဲခဲ့ပြီးဖြစ်ပါသည်။ MPT အနေဖြင့် “အတူလက်တွဲအမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ လိုအပ်သော ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်လျက်ရှိပါသည်။ စစ်မှန်သော ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည်နှင့်အညီ မြန်မာရိုးရာပွဲတော်နှင့်ဓလေ့များကို တန်ဖိုးထားထိန်းသိမ်းသည့် အနေဖြင့် နိုင်ငံတစ်ဝန်းရှိ MPT ၏ ရုံးခွဲများအသီးသီးမှ ဝန်ထမ်းများ၏ ပံ့ပိုးကူညီမှုဖြင့် တန်ဆောင်တိုင် နှင့် သင်္ကြန်ကာလများတွင် နိုင်ငံတစ်ဝန်းလှူဒါန်းမှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။
MPT သည် လူငယ်များအတွက် တောက်ပသောအနာဂတ်များ ဖန်တီးပေးနိုင်ရန် များပြားလှသည့် တာဝန်သိ လူမှုအကျိုးပြုလုပ်ငန်းများကို စဥ်ဆက်မပြတ် ဦးတည်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လအတွင်း ပညာရေးလောက၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို ပံ့ပိုးပေးသည့်အနေဖြင့် CSR E-Learning အစီအစဥ်တစ်ခုကို ဂုဏ်ယူစွာနဲ့ စတင် မိတ်ဆက်ခဲ့ပါသည်။
သဘာဝဘေးအန္တရာယ်များ [ဥပမာ ဆိုင်ကလုန်းမိုခါ] နှင့် ကြုံတွေ့ရသည့် အခါတွင်လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများ ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် အရေးပေါ် ဆက်သွယ်ရေးစနစ်များကို အချိန်နှင့် တစ်ပြေးညီ ပံ့ပိုးပေးခဲ့သည့်အပြင် တယ်လီကွန်း ဝန်ဆောင်မှုများ နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ထောက်ပံ့ပေးအပ်မှုများ ဆောက်ရွက် ပေးခဲ့ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ သုံးစွဲသူများအနေဖြင့် MPT နှင့် ပရိုမိုးရှင်းအကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။[/vc_column_text][vc_custom_heading text=”MPT-KSGM JO (၉) နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာလ(၁)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ဗိုလ်အောင်ကျော်လမ်းရှိ MPT ရုံးချုပ်မှာ ပျော်ရွှင်စွာ ကျင်းပခဲ့သည့် ပုံရိပ်များ” font_container=”tag:h4|text_align:center”][/vc_column][/vc_row][vc_row][vc_column width=”1/2″][vc_single_image image=”522645″ img_size=”full”][vc_single_image image=”522647″ img_size=”full”][vc_single_image image=”522650″ img_size=”full”][vc_single_image image=”522652″ img_size=”full”][vc_single_image image=”522654″ img_size=”full”][/vc_column][vc_column width=”1/2″][vc_single_image image=”522646″ img_size=”full”][vc_single_image image=”522648″ img_size=”full”][vc_single_image image=”522651″ img_size=”full”][vc_single_image image=”522653″ img_size=”full”][vc_single_image image=”522655″ img_size=”full”][/vc_column][/vc_row][vc_row][vc_column][/vc_column][/vc_row]