ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် e-Government လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်သွားနိုင်ရေးရည်ရွယ်၍ Myanmar e-Governance Master Plan 2030 (မူကြမ်း) ကို ရေးဆွဲခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ အများပြည်သူ၏ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များကိုရယူပြီး Master Plan အား ပိုမိုပြည့်စုံကောင်းမွန်စေရန် ရေးဆွဲသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များပေးရန်ရှိပါက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါလိပ်စာများသို့ ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။
ပေးပို့ရမည့်လိပ်စာ
သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊
MPT S12 Exchange အဆောက်အဦ၊ ဇမ္ဗူ့ကျက်သရေလမ်း၊ နေပြည်တော်။
E-mail: egovernment@e-motc.gov.mm
Website Link: https://myanmar.gov.mm/feedback
Myanmar e-Governance Master Plan 2030 (မူကြမ်း) အား အောက်ပါ Link တွင် Download ရယူ နိုင်ပါသည်။