၁။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိ အသုံးပြုလျက်ရှိသော ICT Infrastructure များ ဖြစ်သည့် Server များ၊ Computer များ အစရှိသည်တို့အား အသုံးပြု၍ ဤဦးစီးဌာန၏ Website အား Content Management System (CMS) ဖြင့် Dynamic Website တစ်ခု တည်ဆောက်နိုင်ရေးအတွက် အောက်ပါ အချက်အလက်များအတိုင်း ဆောင်ရွက်ပေးနိုင်သော ပြည်တွင်း IT ပညာရှင် တစ်ဦးအား ငှားရမ်းလိုပါ၍စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလိပ်စာသို့ ၈.၁၂.၂၀၁၇ ရက်နေ့ နောက်ဆုံးထား၍ C.V ၊ Proposal နှင့် မျှော်မှန်း Consultation Fees တို့အား ပေးပို့ လျှောက်ထားနိုင်ပါကြောင်း နှင့် ICT Infrastructure များအား ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ရုံးအမှတ်(၂) ၊ နေပြည်တော် တွင် ရုံးချိန်အတွင်း လာရောက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်-
ပေးပို့ရမည့်လိပ်စာ
ဦးသန်းထွန်းအောင်
Project Director
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂) ၊ နေပြည်တော်။
ဖုန်းနံပါတ် +၉၅ ၆၇ ၄၀၇၄၃၅
ဖက်စ်နံပါတ် +၉၅ ၆၇ ၄၀၇၅၃၉
E-mail: tsrproject2014@gmail.com ; thanhtunaung@mptngw.net.mm;
၂။ Website တည်ဆောက်ရာတွင် ဆောင်ရွက်ရမည့် အချက်အလက်များအား အောက်ပါ Link တွင် Download ရယူနိုင်ပါသည်။
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ရုံးအမှတ်(၂) ၊ နေပြည်တော်။