(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် မတ်လ (၁၁) ရက်မှ ဇူလိုင်လ (၃၁) ရက်အထိ ပြုလုပ်ခဲ့သော “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်မှ အထူးဆု ငွေသားကျပ် သိန်း (၁,၀၀၀) ဆုရှင် တစ်ဦး နှင့် ငွေသားကျပ် သိန်း (၁၀၀) ဆုရှင် (၅) ဦး စုစုပေါင်း ငွေသားကျပ် သိန်း (၁,၅၀၀) တို့ကို ကံထူးခဲ့ကြသည့် ကံထူးရှင်များကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ ကံထူးရှင်များကို MPT ၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဩဂုတ်လ (၆)ရက်က တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။
ငွေသားဆုများအပြင် ကံစမ်းမဲအစီအစဉ်ကာလတစ်လျှောက်လုံးတွင် တယ်လီကွန်းဆု ကံထူးရှင် (၄၀၀) ဦးတို့ကို ရွေးချယ်ခဲ့ပြီး ၎င်းတို့၏ ဆုများကိုလည်း တိုက်ရိုက် ထည့်သွင်းပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအား စိတ်ကျေနပ်မှု နှင့် ပျော်ရွှင်မှုအပြည့်အဝပေးနိုင်ခဲ့ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ဒီနေ့မှာတော့ ကျွန်တော်တို့ရဲ့ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်က အောင်မြင်စွာ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကံစမ်းမဲအစီအစဉ်တစ်လျှောက်လုံးမှာ စဉ်ဆက်မပြတ် ပါဝင်ပံ့ပိုးပေးခဲ့တဲ့ သုံးစွဲသူတိုင်းကို ကျေးဇူးအထူးတင်ရှိပြီး ကံထူးရှင်တွေအားလုံးကိုလည်း ဂုဏ်ပြုလိုက်ရပါတယ်။ တိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်အတွင်း မှာလည်း ဉာဏ်စမ်းမေးခွန်းတွေကို အမြန်ဆုံးနဲ့ အမှန်ကန်ဆုံး ပါဝင်ဖြေဆိုပေးခဲ့သူတွေကိုလည်း မေတ္တာလက်ဆောင်တွေ ပေးအပ်ခဲ့ပါတယ်။ ဩဂုတ်လအတွင်း ကျွန်တော်တို့ရဲ့ “တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အစီအစဉ်ကနေ ဇူလိုင်လအတွက် ကံထူးရှင်တွေကို ရွေးချယ်ပေးသွားဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရရှိခဲ့တာကြောင့် နောင်အနာဂတ်မှာလည်း ပိုမိုဆွဲဆောင်မှုရှိတဲ့ ပရိုမိုးရှင်းတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဆုလက်ဆောင်တွေကို ပေးအပ်နိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါသည်။
MPT က ငွေသားဆု ကံထူးရှင်များအားလုံးကို ၎င်းတို့၏ ဆုလက်ဆောင်များထုတ်ယူနိုင်ရန် တိုက်ရိုက်ဆက်သွယ် ပေးသွားမည်ဖြစ်ပြီး ကံထူးရှင်များစာရင်းကို MPT ၏ လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာခဲ့ပြီးဖြစ်ပါသည်။
ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူး တင်ရှိပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။