MPT အနေဖြင့် မိုခါမုန်တိုင်းဒဏ်သင့်ခဲ့ရသော ရခိုင်ဒေသအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ကို ဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ သိန်း (၁၀၀၀) နှင့် တယ်လီကွန်းဆက်သွယ်ရေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်ရရှိရေး အင်တိုက်အားတိုက်ဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မိုခါမုန်တိုင်းဒဏ်သင့် ရခိုင်ဒေသမှပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေစာရင်း သို့ မေလ (၁၉) ရက်နေ့က မြန်မာကျပ်ငွေ သိန်း (၁,၀၀၀) ကျပ်ကို လှူဒါန်းခဲ့သည့်အပြင် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် တာဝါတိုင်များ ထိခိုက်ပျက်စီးသွားခဲ့ရသည့် အတွက် ရခိုင်ဒေသရှိ MPT သုံးစွဲသူများ၏ ဆက်သွယ်ရေးဝန်ဆောင်မှုူ ပြတ်တောက်မှုအခက်အခဲများကို Cells on Wheels (ရွေ့လျားမိုဘိုင်းစခန်းများ)များ နေရာချထားခြင်းတို့ကိုလည်း အလျင်အမြန် စီစဥ်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ရခိုင်ဒေသမှ မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ၎င်းတို့၏ မိတ်ဆွေများ၊ မိသားစုများ နှင့် အဆက်အသွယ်ရရှိနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် တယ်လီကွန်ဝန်ဆောင်မှုများဖြစ်သည့် MPT ဖုန်းအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ စာတိုပေးပို့ခွင့်နှင့် စုစုပေါင်းဒေတာ (5 GB) တို့ ကို မေလ (၃၁) ရက်နေ့အထိ ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ပါသည်။

[vc_row_inner][vc_column_inner width=”1/2″][vc_single_image image=”505671″ img_size=”full”][/vc_column_inner][vc_column_inner width=”1/2″][vc_single_image source=”external_link” custom_src=”https://mpt-aws-wp-bucket.s3.ap-southeast-1.amazonaws.com/wp-content/up…]

စစ်တွေမြို့ရှိ လိုအပ်သောနေရာများတွင် Cells on Wheels (ရွေ့လျားမိုဘိုင်းစခန်းများ) ထားရှိဆောင်ရွက်ထားပုံ

[/vc_column_text][vc_separator css=”.vc_custom_1684829121217{border-bottom-width: 20px !important;}”][vc_column_text]ထို့အပြင် ဆက်သွယ်ရေးအခက်အခဲရှိနေသေးသည့် နေရာများတွင်လည်း ယာယီဆက်သွယ်ရေး ဝန်ဆောင်မှုများ ရရှိစေရန်အတွက် လိုအပ်သောနေရာများတွင် ဂြိုလ်တုဆက်သွယ်ရေးစခန်းများ (Satellite terminal) ထားရှိ ဆောင်ရွက်လျက်ရှိသည့်အပြင် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသော တယ်လီကွန်းဆက်သွယ်ရေး သုံးပစ္စည်းများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ရန် နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်ရရှိနိုင်ရန်အတွက် ဆက်သွယ်ရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။[/vc_column_text][vc_row_inner][vc_column_inner width=”1/2″][vc_single_image image=”505673″ img_size=”full”][vc_single_image image=”505674″ img_size=”full”][/vc_column_inner][vc_column_inner width=”1/2″][vc_single_image image=”505675″ img_size=”full”][/vc_column_inner][/vc_row_inner][vc_row_inner][vc_column_inner][vc_column_text]

စစ်တွေမြို့ရှိ လိုအပ်သောနေရာများတွင် Cells on Wheels (ရွေ့လျားမိုဘိုင်းစခန်းများ) ထားရှိဆောင်ရွက်ထားပုံ

[/vc_column_text][/vc_column_inner][/vc_row_inner][vc_separator][vc_column_text]

MPT အနေဖြင့် မြန်မာပြည်သူများနှင့် လူမှုအသိုင်းအဝိုင်းတို့အတွက် လိုအပ်သည့် အထောက်အပံ့များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူပြည်သူများ၏ စိတ်ရှည်မှုနှင့် နားလည်ပေးမှုအတွက် ကျေးဇူး အထူးတင်ရှိပါသည်။ မုန်တိုင်းဒဏ်သင့်ပြည်သူများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေး အတွက်လည်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။