(ရန်ကုန်၊၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်) _ မြန်မာနိုင်ငံ၏ စစ်မှန်သော ဦးဆောင် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် “အတူလက်တွဲ အမြဲရှိမည်” ဟူသည့် ကတိကဝတ်နှင့်အညီ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများရရှိစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်တွင် နာမည်ရှိထားသည့် အာယုနိုင်ငံတကာဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်း၍ အခမဲ့ ကျန်းမာရေး ပညာပေးအစီအစဥ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါသည်။ MPT အနေဖြင့် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်သည်” ဆိုသည့်အချက်ကို ယုံကြည်ပြီး သုံးစွဲသူ သန်း (၂၀) ကျော်အား အခြေခံ ကျန်းမာရေးဆိုင်ရာ ရုပ်သံဗွီဒီယိုများဖြန့်ဝေခြင်းအားဖြင့် အများပြည်သူတို့၏ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ပိုမိုတိုးပွားလာပြီး ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်လာမည်ဟု ယုံကြည်ပါသည်။
MPT အနေဖြင့် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းငယ်တို့တွင် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယခုဆောင်ရွက်မှုမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ ရောဂါကာကွယ်ရေးဆိုင်ရာ ဗဟုသုတများကို အဓိကထား မျှဝေပေးသွားမည်ဖြစ်ပါသည်။
MPT ၏ ကျယ်ပြန့်သော ကွန်ရက်မှတစ်ဆင့် မြန်မာနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများနှင့် သက်ဆိုင်သည့် ပညာပေးဗွီဒီယိုများကို မျှဝေသွားမည်ဖြစ်ပါသည်။ ကျန်းမာရေးပညာရေး ဗွီဒီယိုများကို MPT ၏ တရားဝင် မီဒီယာများဖြစ်သည့် MPT4U၊ လိုတရဝက်ဘ်ပေါ်တယ် နှင့် ဆိုရှယ်မီဒီယာတို့အပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာ ချန်နယ်များတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။
“သုံးစွဲသူ အများပြည်သူတွေ အနေနဲ့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေရှိထားခြင်းကြောင့် အဖြစ်များပြီး ကာကွယ်လို့ရနိုင်တဲ့ ရောဂါအမျိုးအစားတွေကို သိရှိနားလည်ပြီး ပိုမိုကာကွယ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ အရည်အသွေးမြင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတများရှိခြင်းက တစ်ဦးချင်းစီ ကျန်းမာရေး ကောင်းမွန်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ နိုင်ငံရဲ့ လူမှုစီးပွားရေး ကဏ္ဍတွေမှာလည်း ကျန်းမာရေးက အရေးအကြီးဆုံး အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု နယ်ပယ်မှာ နာမည်ရထားတဲ့ မိတ်ဖက်အဖွဲ့ အစည်းနှစ်ခုနဲ့ ယခုလို ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအချိန်ထိ ကျွန်တော်တို့အနေနဲ့ ကျန်းမာရေး ကဏ္ဍအတွက် မြန်မာကျပ်ငွေသန်း ၁,၀၆၅ ထောက်ပံ့ သုံးစွဲခဲ့ပြီး ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က ပြောကြားခဲ့ပါသည်။
ဤအစီအစဥ်သည် ၂၀၁၇~၂၀၁၈ ခုနှစ်တွင် MPT နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) တို့ပူးပေါင်း၍ မြန်မာကျပ်ငွေသန်းပေါင်း (၇၉)သန်းခန့်သုံးစွဲကာ ရှေးဦးသူနာပြုစုခြင်းဆိုင်ရာ ရုပ်သံဗွီဒီယိုများ ရိုက်ကူး ထုတ်လွှင့်ခြင်း၊ သင်တန်းများပို့ချခြင်းနှင့် အခြေခံပညာမူလတန်းကျောင်းများတွင် ကျောင်းအဆင့်ပြိုင်ပွဲများ ကျင်းပခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီးနောက် ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် ပတ်သက်သော အထောက်အပံ့များ ပေးစွမ်းနိုင်စေရန်အလို့ငှာ ဒုတိယအကြိမ်မြောက်အဖြစ် ကြိုးပမ်းဆောင်ရွက်မှုအစီအစဉ် တစ်ခုဖြစ်ပါသည်။ MPT မှ ၂၀၁၈~၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာကျပ်ငွေသန်းပေါင်း (၁၈၁) သန်းခန့် သုံးစွဲကာ ကျောင်းသားလူငယ်များ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုအလေ့အထများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ လက်ဆေးကန်များကိုလည်း ဆောက်လုပ်ပေးခဲ့ပါသည်။ ထို့အပြင် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ရေရှည်တည်တံ့သော ရေအရင်းအမြစ်ရရှိစေရန်နှင့် နိုင်ငံတစ်ဝန်းသန့်ရှင်းမှုအဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်၍ ရေတွင်း၊ ရေကန်ပေါင်း (၃၉) ခုတည်ဆောက်ခြင်း၊ သူနာပြုသိပ္ပံပေါင်းကူးအစီအစဥ်တွင် လိုအပ်သော ကွန်ပျူတာနှင့် အင်တာနက်ချိတ်ဆက်မှုလုပ်ငန်းဆိုင်ရာပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့အပါအဝင် လူမှုအကျိုးပြု လုပ်ငန်းများအတွက် စုစုပေါင်း မြန်မာကျပ်ငွေသန်ပေါင်း (၂၆,၀၀၀) ကျော် ထောက်ပံ့သုံးစွဲခဲ့ပြီးဖြစ်ပါသည်။
သုံးစွဲသူများအနေနှင့် ကျန်းမာရေးဆိုင်ရာ ကုသစောင့်ရှောက်မှု ဝန်ဆောင်မှုများကို ငွေကြေးအခက်အခဲ တစ်စုံတစ်ရာပူပန်စရာမရှိဘဲ ရရှိနိုင်ရန်ရည်ရွယ်၍ KBZMS အာမခံကုမ္ပဏီနှင့်ပူးပေါင်းပြီး ဒေတာအာမခံ ပက်ကေ့ချ်ကို မကြာသေးခင်က စတင်မိတ်ဆက်ခဲ့ပါသည်။ MPT အနေဖြင့် နောင်အနာဂတ်တွင်လည်း ယုံကြည်စိတ်ချရသော မိတ်ဖက်များနှင့် ပူးပေါင်းဆောင်၍ နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နှင့်အညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
MPT အနေဖြင့် ဝန်ဆောင်မှုသုံးစွဲသူတိုင်း၏ ထောက်ခံအားပေးမှုများအတွက် ကျေးဇူးအထူးတင်ရှိပြီး အနာဂတ်တွင်လည်း မတူညီသောအခန်းကဏ္ဍများအတွက် ပံ့ပိုးကူညီမှုများကို ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းလှုပ်ရှားမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသိရှိလိုပါက MPT ၏ လူမှုအကျိုးပြုလုပ်ငန်းလှုပ်ရှားမှုများ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/en/about-home/csr-activities/ သို့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။[/vc_column_text][/vc_column][/vc_row][vc_row][vc_column width=”1/2″][vc_single_image image=”523303″ img_size=”full”][vc_empty_space height=”10px”][/vc_column][vc_column width=”1/2″][vc_single_image image=”523304″ img_size=”full”][vc_empty_space height=”10px”][/vc_column][/vc_row][vc_row][vc_column width=”1/2″][vc_single_image image=”523305″ img_size=”full”][vc_empty_space height=”10px”][/vc_column][vc_column width=”1/2″][vc_single_image image=”523306″ img_size=”full”][vc_empty_space height=”10px”][/vc_column][/vc_row][vc_row][vc_column width=”1/2″][vc_single_image image=”523307″ img_size=”full”][vc_empty_space height=”10px”][/vc_column][vc_column width=”1/2″][vc_single_image image=”523308″ img_size=”full”][vc_empty_space height=”10px”][/vc_column][/vc_row]