ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်း ၏ ၂၀၂၅-၂၀၂၆ လေ့ကျင့်သင်ကြားရေးနှစ်အတွင်း အာရှ-ပစိဖိတ်ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (အေပီတီ)နှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ Information Security for System Administrators သင်တန်းကို Asia-Pacific Network Information Center (APNIC) မှ သင်တန်းနည်းပြများဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ သင်တန်းသည် System Administrator တစ်ယောက်အနေဖြင့် သိသင့်သိထိုက်သည့် Information Security ၊ Operating System Security ၊ Security Policies ၊ Security for Services များကို လေ့လာသိရှိနိုင်စေရန်နှင့် သတင်းအချက်အလက်လုံခြုံရေးနည်းလမ်းများအား Hand-on Lab များဖြင့် လက်တွေ့လေ့ကျင့်မှုများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ် ပို့ချခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Information Security for System Administrators သင်တန်းသည် ၄-၈-၂၀၂၅ ရက်နေ့ မှ ၆-၈-၂၀၂၅ ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးသင်တန်းကျောင်းသည် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ/ ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား e-Government နှင့် ဆိုက်ဘာလုံခြုံရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစ၍ ICT သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရှိရပါသည်။