မြေငလျင်သတင်း
(မြန်မာစံတော်ချိန် ၁၉:၂၀ နာရီ အချိန်ထုတ်ပြန်ချက်)
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၁၁)မိနစ်၊ (၀၉) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၃၂) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ တောင်-အနောက်တောင်ဘက် (၁၇) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂.၉၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၉၄)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ ပါသည်။