မြေငလျင်သတင်း
၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၆)နာရီ၊ (၃၆)မိနစ်၊ (၄၈) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက် (၄၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းကင်းမြို့၏ တောင်-အနောက်တောင်ဘက် (၂၉) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၂.၅၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၂၇) ဒီဂရီ၊ အနက်(၇၅) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၈ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

