ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင် နေ့စားဝန်ထမ်းများ ခန့်ထားရန် ရှိပါသဖြင့် မည်သူမဆို သက်ဆိုင်ရာ ဌာန၊ ပြည်နယ် / တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် လျှောက်လွှာပုံစံ ရယူ လျှောက်ထားနိုင်ပါသည် -
လျှောက်လွှာနှင့်အတူ -
(က) Passport ဓာတ်ပုံ (၁)ပုံ
(ခ) တက္ကသိုလ်ဝင် အောင်လက်မှတ် မိတ္တူ
(ဂ) နိုင်ငံသား စိစစ်ရေး ကတ်ပြားမိတ္တူ
(ဃ) အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ရဲစခန်း ထောက်ခံချက် (သို့မဟုတ်) ပြန်တမ်းဝင်အရာရှိ တစ်ဦးဦး၏ ထောက်ခံချက်
(င) အခြားတက်ရောက်ပြီးသည့် သင်တန်းအောင်လက်မှတ်များ ပူးတွဲပေးပို့ရပါမည်။
လျှောက်ထားလိုသူများသည် ဖော်ပြပါအချက်အလက်များနှင့်တကွ သက်ဆိုင်ရာ ဌာန၊ ပြည်နယ်/ တိုင်းဒေသကြီး ရုံးများ၊ ရုံးခွဲများ (သို့မဟုတ်) RECRUITMENT@mptjo.com.mm သို့ (၃၁-၁၀-၂၀၂၁) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက်ထား နိုင်ပါသည်။ အသေးစိတ် အချက်အလက်များသိရှိလိုပါက အောက်ပါ ဖုန်းနံပတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်-
•၀၉-၄၂၃၀၀၆၃၄၆
• ၀၉-၄၂၃၀၀၆၃၄၇