ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် 2600 MHz လှိုင်းနှုန်းစဉ်လိုင်စင်ရရှိသည့် Global Technology Co.,Ltd မှ LTE နည်းပညာဖြင့် အင်တာနက်ဝန်ဆောင်မှုပေးရာတွင် တည်ဆောက်မည့် Network ၌ Authentication Process အတွက် အသုံးပြုရန်လိုအပ်လျက်ရှိသော Mobile Country Code ( MCC ) နှင့် Mobile Network Code ( MNC ) နံပါတ်များအား အသုံးပြုခွင့်ပြုပါရန် လျှောက်ထားလာပါသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် Global Technology Co.,Ltd သို့ MCC - 414 နှင့် MNC - 23 သတ်မှတ်ပေးရာတွင် ဆက်သွယ်ရေးနံပါတ်ဆိုင်ရာ နည်းဥပဒေ အခန်း ( ၃ ) ၊ အပိုဒ် ( ၁၂ ) ( စ ) ပါပြဋ္ဌာန်းချက်များနှင့်အညီ စိတ်ပါဝင်စားသူများ၏သဘောထားကိုပါ ထည့်သွင်း စဉ်းစားနိုင်ရန်အတွက် အများပြည်သူသဘောထားတောင်းခံအပ်ပါသည်။ သဘောထားမှတ်ချက် များပေးပို့လိုပါက ( ၃၁ - ၅ - ၂၀၁၈ ) ရက်နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း အောက်ဖော်ပြပါ လိပ်စာများသို့ ဆက်သွယ်ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
၁။ ညွှန်ကြားရေးမှူးချုပ် ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
၀၆၇ - ၃၄၀၇၆၀၉ ၊ dg.ptd@mptmail.net.mm
၂။ ညွှန်ကြားရေးမှူး ၊ အရင်းအမြစ်စီမံခန့်ခွဲမှုဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
၀၆၇ - ၃၄၀၇၆၂၆ ၊ resource@ptd.gov.mm