“၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ”ကို နေပြည်တော်ရှိ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-2) တွင် ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် ကျင်းပရာ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနမှ ဆိုက်ဘာလုံခြုံရေးပြခန်းအား အောင်မြင်စွာ ဖွင့်လှစ်ပြသခဲ့ပါသည်။
အဆိုပါ ဆိုက်ဘာလုံခြုံရေးပြခန်းတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ညဏ်စမ်း ပဟေပြိုင်ပွဲများ ဖြေဆိုခြင်း၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ Animation ကာတွန်းပြသခြင်း၊ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ အသိပညာပေး ဓာတ်ပုံလက်ကိုင်များဖြင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းတို့ဖြင့် ဖွင့်လှစ်ပြသရာ လူရည်ချွန်မောင်မယ်များမှ စိတ်ပါဝင်စားစွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
“၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ”တွင် ဆိုက်ဘာလုံခြုံရေးပြခန်း အား အောင်မြင်စွာ ဖွင့်လှစ်ပြသ ပြီးစီး
